Funny, Memes, Celebrities, Sexy, Cutie of Myanmar

Thursday, July 6, 2017

မုန့် ရောင်းတာလား၊ လက်နက်ရောင်းတာလား (မိဘတွေသိအောင် ရှဲပေးကြပါ)




ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များမှ အသက်အန္တရာယ်အတွက်အလွန်အင်မတန်စိုးရိမ်ရသောကစားစရာလက်နက်များ တင်ဆောင်ရောင်းချနေခြင်းများအား သက်ဆိုင်ရာတာဝန်ရှိသူများ ထိထိရောက်ရောက် ကြပ်မတ်စစ်ဆေးပေးပါရန့့်
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများရှိ ကျောင်းမုန့်ဆိုင်အချို့တွင် ကျောင်းသူ၊ ကျောင်းသားများ၏ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်စေနိုင်သော ကစားစရာပစ္စည်းများ တင်ဆောင်ရောင်းချနေကြောင်း တွေ့မြင်နေရပါတယ်။
အဆိုပါကစားစရာပစ္စည်းများကိုလည်း အလျှင်းသင့်သလိုဖော်ထုတ်တင်ပြပေးသွားပါမယ်။
ဝူခုန်း (မျောက်) တုတ်
အရွယ်အစားမှာ ဆိုင်ကယ်စမုတ်တံခန့်။
အရှည် ရှစ်လက်မခွဲ။
သံချောင်းဖြင့်ပြုလုပ်ထား။
တန်ဖိုးငွေ တစ်ရာ။
ထိပ်နှစ်ဖက်တွင် ရွှေရောင်ကော်အစွပ်(ဖြုတ် တပ်လွယ်ကူသည်)
အရှည်ရှစ်လက်မခွဲခန့်ရှိ သံချောင်း၏ထိပ်နှစ်ဖက်ကို ကော်အစွပ်တပ်ထားသည့် ဝူခုန်းတုပ်ဟုဆိုသော ကလေးကစားစရာပစ္စည်း၏ ထိပ်အား ချွန်ထက်စေရန်ပြုလုပ်ပြီး ကျောင်းသူ၊ ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွားလျှင် လက်နက်တစ်ခုသဖွယ်အသုံးပြုနိုင်သောကြောင့် အဆိုပါကစားစရာပစ္စည်းများအား ကျောင်းမုန့်ဈေးတန်းများတွင် တင်ဆောင်ရောင်းချခြင်းမပြုနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိ ကျောင်းအုပ်ဆရာကြီးများနှင့် တာဝန်ရှိလူကြီးမင်းများ အထူးကြပ်မတ်စစ်ဆေးပေးနိုင်ကြပါရန် တိုက်တွန်းဖော်ပြလိုက်ပါတယ်။
(ယခုပုံပါ ကစားစရာပစ္စည်းများအား သက်ဆိုင်ရာကျောင်းတာဝန်ရှိသူများမှ သိမ်းဆည်းထားသောပစ္စည်းများဖြစ်ပါတယ်။
ရောင်းချသည့်ဈေးသည်အား နောက်နောင်အဆိုပါအန္တရာယ်ရှိ ကစားစရာများဆက်လက်မရောင်းချရန် သတိပေးပြီးကြောင်းသိရပါတယ်။)

#crd မုန့်တိုက်ပွဲ

No comments:

Post a Comment