Funny, Memes, Celebrities, Sexy, Cutie of Myanmar

Friday, June 2, 2017

ရန်ကုန် အလုပ်သမားဆေးရုံကြီး အနောက်ဖက်မှာ သရဲခြောက်ခံရခြင်း


💥
ကျွန်​​တော်​ Taxi ​မောင်းသမား တစ်​​ယောက်​ပါ။တစ်​ည​တော့ အလုပ်​သမား​ဆေးရုံကြီးရဲ့ ​နောက်​​ကျောလမ်းက ကျွန်​​တော်​ကား​မောင်းလာခဲ့တယ်​။ပါစင်​ဂျာ လည်းမပါလာ​တော့ ​အေး​ဆေးတစ်​​ယောက်​တည်း ကန်​​တော်​ကြီး ပတ်​လမ်းဖက်​ကို ဖြတ်​ဆင်းမယ်​​ပေါ့​လေ။ကားလမ်းက ကားအရမ်းရှင်းတယ်​ ။ဆေးရုံ​ကျောဖက်​ဆို​တော့ လူ​နေအိမ်​လည်း သိပ်​မရှိဘူး ။ဆေးရုံဝင်းကြီးက ​နေရာ အကျယ်​ကြီးယူထားတာ။လမ်းမီးတိုင်​​လေး နှစ်​တိုင်​ခြား သုံးတိုင်​ခြား မှာ မီး​လေးတစ်​လုံး ရှိတယ်​။ည ၉ နာရီ​ကျော်​ ၁၀ နာရီ​လောက်​မို့ လမ်းရှင်း​နေတယ်​လို့ပဲ ထင်​ခဲ့တယ်​။ ဖြစ်​ချင်​​တော့ ​ကားက ​မောင်း​နေရင်းနဲ့ ကျွန်​​တော့ကား မီးလုံးကြီး တစ်​လုံးကျွမ်းသွားလို့ ကားကို အဲ့ဒီနားမှာတင်​ထိုးရပ်​လိုက်​ပြီး သူငယ်​ချင်းတစ်​​ယောက်​ ရဲ့ကားကို ဖုန်းဆက်​ပြီးလှမ်း​ခေါ်လိုက်​တယ်​။ကားလမ်း​ဘေး တစ်​​လျှောက်​ လူကလည်းရှင်း ကားကလည်း ရှင်းဆို​တော့ ကိုယ့်​တစ်​​ယောက်​တည်း​အေး​ဆေး ကား​ပေါ်ကဆင်းပြီး ပါလာတဲ့ ဘီယာ ဗူး ​လေးကို ​သောက်​မယ်​လို့ ​ဖောက်​လိုက်​တယ် ။
ကားထဲက မီး​လေးကို​တော့ဖွင့်​ထားလိုက်​တယ်​။ ပြီး​တော့ ကား​ရှေ့ကို ပတ်​သွားလိုက်​တယ်​။ကား​ရှေ့မှာ​အေး​ဆေးထိုင်​​သောက်​မယ်​​လေ။အဲ့ဒီအချိန်​မှာ ကား​ရှေ့က လူ နှစ်​​ယောက်​ဖြတ်​​လျှောက်​သွားတာ ရုတ်​တစ်​ရက်​ ​တွေ့လိုက်​တယ်​။ဒါ​ပေမယ့်​ ကျွန်​​တော်​ကား​ရှေ့​ရောက်​​တော့ ဘယ်​သူ့မှ မ​တွေ့​တော့ဘူး။သြော်​ ဘယ်​ပဲ​ရောက်​​ရောက်​ ငါ့ ဘီယာ ငါ​သောက်​ဦးမှ ဆိုပြီး ဘီယာ​လေး တစ်​ကြိုက်​​မော့​သောက်​လိုက်​တယ်​ ဆိုရင်​ပဲ
" ​ဟေ့​ကောင်​ မင်းတစ်​​ယောက်​တည်း မ​သောက်​နဲ့ ငါတို့ကိုလည်း တိုက်​ဦး "
" ဟင်​ "
ရုတ်​တရက်​ဆို​တော့ ကျွန်​​တော်​လည်း လန့်​သွားပြီး ​သောက်​လက်​စ ဘီယာ ​တောင်​ သီး သွားတယ်​ဗျာ။
ဘေးဘီ ဝဲယာ ကိုကြည့်​​တော့လည်း လူရိပ်​လူ​ယောင်​ ဆိုလို့ ဘာတစ်​ခု မှ မ​တွေ့ရဘူး။
ကျွန်​​တော်​လည်း မဟုတ်​​သေးပါဘူးကွာ ငါ နားကြားများ မှားတာလား ​လေတိုးသံ ကိုလူသံ လို့ထင်​မိတာများလားလို့ ​ယောင်​​တောင်​​တောင်​ဖြစ်​သွားတယ်​။လေ ​လေးကလည်း အရမ်းကို တိုက်​​နေတာဗျာ ​အေးစိမ့်​​နေ​ရော။အရပ်​မျက်​နှာအားလုံးကို တစ်​ချက်​​ဝှေ့ကြည့်​လိုက်​​သေးတယ်​။လူ​ရော ကား​ရော ဘာတစ်​ခုမှမရှိဘူး။ဒါနဲ့ ကျွန်​​တော်​လည်း ​နောက်​တစ်​ကျိုက်​ထပ်​​မော့ လိုက်​တယ်​ဗျ။
"​ဟေ့​ကောင်​ မင်းတစ်​​ယောက်​တည်း မ​သောက်​နဲ့ ငါတို့ကိုလည်း တိုက်​ဦးလို့​ပြော​နေတယ်​​လေ"
"ဗျာ"
 ဒီတစ်​ခါ​တော့ ဘယ်​ရ​တော့မလဲဗျာ ကျွန်​​တော့ တစ်​ကိုယ်​လုံး ကြက်​သီး​တွေထပြီး ​ခေါင်းက ဆံပင်​​မွှေး ​တွေ​တောင်​​ထောင်​လာတယ်​။ပြေးပြီ​လေ ကားထဲကို ။ကြောက်​​ကြောက်​နဲ့ စွတ်​​မောင်းလိုက်​တာ ဘယ်​​လောက်​မှမ​မောင်းရ​သေးဘူး လမ်း​ဘေးက တစ်​ခုခု ကိုဝင်​တိုက်​မိပါ​လေ​ရော။ဆင်းမကြည့်​ရဲ​တော့ဘူး လမ်းဆုံနား​လေးလည်း​ရောက်​​တော့မှ ကား​တွေ ပြန်​​တွေ့လာရတယ်​။အဲ့ဒီ​တော့မှ ကား​ပေါကကဆင်းပြီး သူငယ်​ချင်းကိုဖုန်းပြန်​ဆက်​တာ ​ရောက်​​တော့မယ်​တဲ့။သူ​ရောက်​လာလို့ ကိုယ့်​အ​ကြောင်း​ပြောပြ​တော့
"မင်းကွာ အဲ့ဒီ ​နေရာမှာမှ သွားရပ်​ ရသလားကွ အဲ့ဒါ ​ဆေးရုံ ရဲ့ ​နောက်​က ရင်​ခွဲရုံ ​နေရာကွ အရမ်းလည်းဆိုး တယ်​တဲ့ နာမည်​ကြီး​နေတာ မင်းမို့ကွာ "
"ဘာကွ ငါလုံးဝ မသိဘူးကွာ ​နောက်​ဆိုရင်​​တော့ "
ပါစင်​ဂျာ မပါပဲ တစ်​​ယောက်​တည်း ထိုလမ်းမှ ဖြတ်​မသွား​တော့ပါခင်​ဗျာ ။
(Taxi ငှားစီးရင်း ထို​ဆေးရုံကြီး၏ ​နောက်​မှဖြတ်​​မောင်းပြီး​နောက်​ ထို Taxi ​မောင်းသူ​ပြောပြသည်​များကို ပြန်​လည်​​ဖောက်​သည်​ချလိုက်​ရပါတယ်​)
Credit to November Rosy

No comments:

Post a Comment