Wet Dream ဆိုတာကတော့ အိပ်ပျော်နေစဉ် အိမ်မက်မက်လို့ ပဲဖြစ်ဖြစ် အိမ်မက်မမက်ပဲ ဖြစ်ဖြစ် လိင်စိတ်များ နှိုးကြွကာ လိင်အင်္ဂါများ နှိုးဆွ လာပြီး နောက်ဆုံး လိင်စိတ်အထွတ်အထိပ်ရောက်သည်အထိ အလိုအလျောက်ဖြစ်ပေါ်သော ဖြစ်စဉ်ကို ဆိုလိုသည်။ လူငယ်တော်တော်များများ လူပျိုပေါ်ဝင်စ အပျိုပေါ်ဝင်စ အချိန်မှာ တွေ့ ကြုံရတတ်ပါတယ်….စတင်တွေ့ ကြုံတယ်ဆိုယင် တော့ ကြောက်စရာကောင်းတယ်၊ရောဂါ ရှိလို့ ဖြစ်တတ်တယ်ဆိုပြီး တွေးတောတတ်ကြပါတယ်… ဒါကတော့ သဘာဝ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်.. တော်တော်များများ သိကြတာက ဒီဖြစ်စဉ်က ယောက်ျားလေးများမှာပဲဖြစ်တယ်လို့ ထင်ကြပေမယ့်မိန်းကလေးများမှာပါ ဖြစ်တတ်တာကို တွေ့ ရှိရပါတယ်… Wet Dream ဖြစ်တဲ့အချိန်မှာ လန့် နိုးတတ်ကြပေမယ့်မလန့် နိုးပဲနဲ့ wet dream ဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်…
အကြိမ် အတိုင်းအတာ အနေနဲ့ ပြောမယ်ဆိုယင်တော့ သိသိသာသာ ကွဲပြားလှပါတယ်… တစ်ချို့ သော အမျိုးသားတွေဟာ သူတို့ ဆယ်ကျော်သယ် အချိန်မှာ အကြိမ်တော်တော်များများ တွေ့ ကြုံဖူးပေမယ့် တစ်ခါမှ wet dream မဖြစ်ဖူးတဲ့ အ မျိုးသားတွေလည်း ရှိတတ်ပါတယ်…. အမေရိကန်မှာ လုပ်ခဲ့တဲ့သုတေသနအရတော့ ၈၃%သော အမျိုးသားတွေဟာ wet dream ဖြစ်ဖူးကြပါတယ်… ပျမ်းမျှ အကြိမ်ကိုပြောမယ်ဆိုယင်တော့ ၁၅ နှစ်အရွယ် လူပျို တစ်ယောက်ဟာ တစ်ပတ်မှာ (၀.၃၆ ကြိမ်)၊ တနည်းအားဖြင့်ပြောရယင် ၃ ပတ်ကို တစ်ခါလောက် ဖြစ်တတ်ပြီး အသက် ၄၀ အရွယ် အိမ်ထောင် ရှင်တစ်ယောက်ဟာ (၀.၁၈ ကြိမ်) ၅ပတ်ခွဲ တစ်ခါလောက်ဖြစ်တတ်တယ်လို့ ပြောပါတယ်…
အသက်အရပြောယင်တော့ တစ်ချို့ အမျိုးသားတွေဟာ အသက်အပိုင်းအခြား တစ်ခုအတွင်းသာ wet dream ကို ကြုံတွေ့ ရပြီး တစ်ချို့ အမျိုးသားတွေကတော့ ဘ၀ တစ်လျှောက်လုံးဖြစ်တတ်တာကို တွေ့ ရပါတယ်… Alfred Kinsey ရဲ့ တွေ့ ရှိချက်ကတော့ masturbation လုပ်တဲ့အကြိမ်အရေအတွက်နဲ့ wet dream ဖြစ်တဲ့ အကြိမ်အရေအတွက်က သက်ဆိုင်မှု ရှိတယ်လို့ ဆိုပါတယ်.. masturbation များများလုပ်တဲ့သူတွေမှာ wet dream တွေ့ ရတာနည်းတယ်လို့ ဆိုပါတယ်…ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားကြည့်ယင် အမျိုးသား တစ်ယောက်က wet dream များများဖြစ်တာကြောင့် masturbation မလုပ်တာလည်း ဖြစ်နိုင်ပါတယ်…
၁၃ ရာခိုင်နှုန်းလောက်သော အမျိုးသားတွေရဲ့ ပထမဦးဆုံး သုတ်ထွက်မှုဖြစ်စဉ်ဟာ wet dream ကြောင့်ဖြစ်တာလို့ ဆိုပါတယ်…..
ဒါကတော့ wet dream အကြောင်းပါ…. ဒါကသဘာဝ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ကြောက်စရာ၊ ရှက်စရာအကြောင်းအရာ တစ်ခုမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်…
Credit to SRH4Youth

No comments:
Post a Comment