Funny, Memes, Celebrities, Sexy, Cutie of Myanmar

Thursday, April 13, 2017

သရဲခြောက်ခံထိခြင်းမှ ဘယ်လိုကာကွယ်မလဲ


အမေရိကန်နိုင်ငံမှာကောက်ယူထားတဲ့ စစ်တမ်းတွေအရ ၄၅% သောသူတွေဟာ သရဲရှိတယ်လို့ ယုံကြည်ကြပြီး ၁၈%ကတော့ သရဲနဲ့ ကြုံတွေ့ ဖူးတယ်လို့ ဖြေဆိုထားပါတယ်။ ဒီတွေ့ ရှိမှုဟာ မှန်းထားတာထက် ပိုပြီးမြင့်နေတယ်လို့ ထင်ရပေမယ့် သိပ္ဗံနည်းအရလည်း သက်သေပြဖို့ ရခက်ခဲနေပါသေးတယ်။
လူတော်တော်များများအတွက် ၀ိဥာဉ်တွေ၊ သရဲတွေနဲ့ ထိတွေ့ မှုဟာ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ ဆိုပါတယ်။ တံခါးတွေအလိုအလျောက်ပိတ်သွားတာ၊ ရုတ်တရက်ကြက်သီးတွေဖြန်းကနဲ ထသွားတာ၊ စင်ပေါ်ကနေ တစ်ခုခု အလိုအလျောက်ပြုတ်ကျလာတာတွေဟာ သရဲကားတွေမှာ ပါလေ့ရှိတဲ့ သရဲခြောက်တယ်ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့်တစ်ခါတစ်ရံမှာ ဒီထက်ဆိုးတဲ့အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအတွက် သရဲ မခြောက်ခံရအောင် ဘယ်လို ကာကွယ်မလဲ…အောက်မှာ ဆက်ဖတ်ကြည့်ရအောင်။
၁။ ကျောက်မျက်ရတနာများဆောင်ပါ
ကျောက်မျက်ရတနာအမျိုးမျိုးမှာ သရဲနဲ့ ဝိဥာဉ်တွေရန်မှကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ အဲ့ဒီကျောက်တွေထဲကမှ black tourmaline, agate, bloodstone, emerald (မြ)၊ black onyx (မဟူရာ) တို့ ဟာ သရဲရန်မှကာကွယ်ပေးနိုင်တယ်လို့ လက်ခံထားကြပါတယ်။ black Tourmaline ကတော့ အစွမ်းအထက်ဆုံးလို့ ဆိုပါတယ်။
တကယ်လို့ သင်ဟာ သရဲရှိတယ်လို့ ယုံကြည်ပြီး အဲ့ဒီကျောက်တွေရဲ့ အစွမ်းကိုလည်းယုံတယ်ဆိုယင်တော့ အဲ့ဒါတွေကို ၀တ်ထားပါ၊ ဆောင်ထားပါ၊ ညဖက်အိပ်ယင် အိပ်ယာဘေးနားထားအိပ်ပါ
၂။ နေရာတွေကို သန့် စင်အောင်ထားပါ။
အမှိုက်ရှင်းခိုင်းတာမဟုတ်ပါဘူး။ မိမိအိမ်ကိုသန့် စင်ဖို့ အတွက် ပရိတ်ရေဖြန်းတာမျိုးလုပ်နိုင်ပါတယ်။ ခရစ်ယာန်ဘာသာအတွက်ဆိုယင်တော့ Church ကနေ Holy Water ကို သွားယူပြီး အိမ်မှာဖြန်းနိုင်ပါတယ်။ အိမ်ထောင့်တွေကို အဓိကထားဖြန်းပါ။ ပါးစပ်ကနေလည်း သရဲတွေထွက်သွားဖို့ အတွက် တောင်းဆိုပေးပါ။
တစ်ချို့ နိုင်ငံတွေမှာတော့ Sage လို့ ခေါ်တဲ့ သစ်ပင်ကရတဲ့ အရာတွေကိုစုစည်းထားတဲ့ အချောင်းလေးတွေကို မီးရှို့ တာမျိုးလည်းလုပ်နိုင်ပါတယ်။
၃။ သစ်ပင်ထွက် ပစ္စည်းတွေကို အသုံးပြုပါ
မြန်မာပြည်မှာတော့ သိပ်ခေတ်မစားပါဘူး။ အချို့ နိုင်ငံတွေမှာတော့ သစ်ပင်ကရတဲ့ ဆေးဖက်ဝင်အခေါက်တွေ၊ အရွက်တွေကို အသုံးပြုပြီး အိမ်ကို သန့် စင်ကြပါတယ်။ အမျိုးမျိုးသော သရဲတွေအတွက် သက်ဆိုင်ရာ အရွက်တွေ၊ အခေါက်တွေရှိပါတယ်။
၎။ ဆုတောင်းပါ။
ကိုယ်ကိုးကွယ်ရာ ဘာသာပေါ်မူတည်ပြီး ဆုတောင်းမေတ္တာပို့ တာတွေလုပ်လို့ ရပါတယ်။ ဘာသာတရားအပေါ်မယုံကြည်တဲ့သူအတွက်တော့ အသုံးမ၀င်ပါဘူး။ ဒါပေမယ့်တစ်ဖက်က ပြန်ကြည့်လျှင်တော့ သင်ဟာ သရဲရှိတာကို ယုံကြည်တယ်ဆိုလျှင် ဘာသာတရားမယုံကြည်သူတစ်ယောက်မဖြစ်နိုင်တော့ပါဘူး။
၅။ မိမိ စိတ်ကို အားရှိအောင်ထားပါ။
သင့်စိတ်ဝိဥာဉ်က အားကောင်းတယ်ဆိုလျှင် သရဲပူးတာတွေမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အဲ့ဒီအတွက် ဘာတွေလုပ်လို့ ရသလဲ။ တရားထိုင်လို့ ရတယ်။ Yoga လိုမျိုးကစားလို့ ရတယ်။ ဘာသာရေးလေ့လာလို့ ရတယ်။ နောက်အလွယ်ဆုံးနည်းတစ်ခုကတော့ တစ်နေ့ ကို နေရောင်နဲ့ အနည်းဆုံး ၁၅ မိနစ်တွေ့ ထိပေးရပါမယ်တဲ့။
၆။ သရဲရှိတယ်လို့ ယုံကြည်နေတာကို ပျောက်အောင်ဖျောက်ပါ။
လုပ်ဖို့ ခက်ပါတယ်။ သရဲကြောက်တဲ့သူဟာပိုပြီးခြောက်ခံရပါတယ်။ အဲ့ဒီအတွက် သရဲမရှိဖူးဆိုတဲ့ အတွေးဝင်လာအောင်ကြိုးစားပါ။ အဲ့ဒီအခါမှာ သရဲလာခြောက်လျှင်တောင် သင် သတိထားမိချင်မှ သတိထားမိပါလိမ့်မယ်။ သရဲရှိတယ်လို့ အရမ်းယုံနေလျှင်တော့ လေတိုးသွားတာကိုတောင် ၀ိဥာဉ်လို့ ထင်နေပါလိမ့်မယ်။
၇။ နောက်ဆုံးအချက်ကတော့ ဒီ post ကို မိမိရဲ့ wall ပေါ်မှာ share ထားပါ။ မရှဲမိပါက အခုပဲ သင့်နောက်မှာ သရဲရောက်နေပါလိမ့်မယ်။ share ထားခြင်းအားဖြင့် သင်သည် သရဲကို ကာကွယ်နည်းသိသွားပြီဆိုပြီး သရဲက အပင်ပန်းခံလာမခြောက်တော့ပါ။ :P
Admin of ပေါက်တတ်ကရ blog (Problem..Hah)
www.pauttatkaya.info

No comments:

Post a Comment