မာစတာဗေးရှင်း ဆိုတာကတော့ မိမိဖာသာ မိမိလိင်အင်္ဂါကို နှိုးဆွပြီး လိင်စိတ်ဖြေဖျောက်တာကိုခေါ်တယ်ကွယ့်…အဲဒီလို ဖြေဖျောက်တဲ့နေရမှာ လိင်အထွတ်အထိပ်ရောက်တဲ့အထိ ဖြေဖျောက်တာများတာပေါ့…… အဲဂလိုဖြေဖျောက်တဲ့နေရာမှာ လက်ကိုဖြစ်စေ၊ အရာတစ်ခုခုကိုဖြစ်စေ၊ လိင်အင်္ဂါနဲ့ တူတဲ့အရုပ်ကိုဖြစ်စေ အသုံးပြုပြီး ဖြေဖျောက်ကြတာပေါ့….
လေ့လာတွေ့ ရှိချက်တော်တော်များများမှာတော့ မိမိဖာသာ လိင်စိတ်ဖြေဖျောက်တယ်ဆိုတာဟာ ယောက်ျားမိန်းမမရွေး အသက်အရွယ်မရွေး…. လူပျိုလူအိုမရွေး လုပ်လေ့ရှိတယ်ကွယ့်….. အဲဒီလို ဖြေဖျောက်တဲ့အတွက် ကိုယ်စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားမရှိတဲ့အပြင် ကိုယ်စိတ်ကျန်းမာရေးကို တဖက်ဖက်က အထောက်အကူပြုနိုင်တယ်ဆိုတဲ့ အထောက်အထားများ တွေ့ ရှိကြောင်း သုတေသနေတွေက ဖော်ပြထားတယ်ကွယ့်….ဒီလိုပြောလို့  မာစတာဗေးရှင်းကို လုပ်ခိုင်းတာ အားပေးတာကို မဆိုလိုပါဘူး… တန်ဆေးလွန်ဘေးဆိုတာကတော့ ဘယ်နေရာမဆို ရှိတာပါပဲ…. ဒါကတော့ သုတေသနေ အထောက်အထားတွေ အရ ဖော်ပြထားတယ်ဆိုတာကို ရေးလိုက်ခြင်းဖြစ်ပါတယ်…..
ဒါကတော့ တခြားနိုင်ငံတွေမှာ မာစတာဗေးရှင်းကို promote လုပ်ပြီး အားပေးထားတဲ့ နိုင်ငံအဆင့်အစီအစဉ်တွေပေါ့ကွယ်…..
၂၀၀၉ ခုနှစ်တုန်းက ဗြိတိသျှ ဆိုတဲ့ နိုင်ငံကြီးမှာ နိုင်ငံပိုင်ကျန်းမာရေး ၀န်ဆောင်မှုဌာနကြီးက စာရွက်စာတမ်းတွေ ဝေတယ်ကွဲ့ …. အဲဒီစာကတော့ "an orgasm a day keeps the doctor away". တစ်နေ့ တစ်ကြိမ် လိင်အထွတ်အထိပ်ရောက်ခြင်းက သင့်အား ဆရာဝန်နဲ့ ဝေးဝေးနေနိုင်အောင် လုပ်ပေးပါတယ် ပေါ့ကွယ်…. ဒါအပြင် ကျန်းမာရေးပညာရှင်များက ဘယ်လို promote လုပ်သလဲဆိုယင် တစ်နေ့ ကို ဟင်းသီးဟင်းရွက် သစ်သီးငါးမျိုး စား၊ မိနစ် ၃၀ လှုပ်ရှားအားကစားကို တစ်ပတ်ကိုသုံးရက်လုပ်တဲ့အပြင် လိင်ဆက်ဆံမှုကိုလည်း တစ်ပတ်ကို ၂ ကြိမ်လုပ်သင့်တယ်တဲ့… အဲဒီ လက်ကမ်းစာစောင်တွေကို ကျောင်းသားမိဘတွေ၊ ဆရာတွေ၊ လူငယ် volunteer တွေကနေ တဆင့်ဖြန့် ဝေပြီး လိင်ပညာပေးလုပ်ငန်းတွေမှာ အသုံးပြုခိုင်းသတဲ့ကွယ်…. အဲ့ လိုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ လိင်များများဆက်ဆံခိုင်းတာအားပေးအားမြှောက်ပြုတာမဟုတ်ပါဘူး…. လိင်စိတ်ခံစားမှုကို လိင်ဆက်ဆံမှုအပြင် တခြားနည်းလမ်းတွေကပါ ရနိုင်တယ်ဆိုတာရယ်…မိမိ အပျိုစင်ဘ၀ လူပျိုဘ၀ကို ထိန်းသိမ်းစောင့်ရှောက်ပြီး လိင်စိတ်ခံစားမှုလိုတဲ့အခါ တကယ့်လိင်ဆက်ဆံတာမျိုးမဟုတ်ပဲ မာစတာဗေးရှင်းနည်းအားဖြင့်ဖြေဖျောက်နိုင်တယ်ဆိုတာကို အသိပေးတာပေါ့ကွယ်…အားလုံးကြောက်ကြတဲ့ AIDS ရောဂါကိုလည်း ကွာကွယ်ရာရောက်တော့ပေါ့..
အဲလိုပဲ စပိန်နိုင်ငံမှာလဲ “Pleasure is in your own hands” ဆိုတဲ့ဆောင်ပုဒ်နဲ့ မာစတာဗေရှင်းကို ပညာပေးခဲ့တာတွေ ရှိတာပေါ့ကွယ်…..
Credit to SRH4Youth

No comments:
Post a Comment