ထိုင်း သင်္ကြန် ပွဲတော်ရက်အတွင်း မြန်မာ အလုပ်ဆိုဒ်မှ အမျိုးသားနှစ်ဦး လိင်အင်္ဂါဖြတ်ပြီး အသတ်ခံရ
ထိုင်းနိုင်ငံ နခေါ်န်ချိုင်ရ်စီမြို့ နယ် ရှိဆောက်လုပ်ရေး ၀င်းတစ်ခုက အလုပ်သမားခေါင်းဆောင် (ထိုင်းအမည် နိုင် ကယ်ဟုဖေါ်ပြထား) အသက်(၅၀) တဦး နဲ့  တခြားအလုပ်သမားတစ်ဦး ရဲ့  လိင်အင်္ဂါဖြတ်ကာ အသတ်ခံရပြီး ငါးကန်ထဲပစ်ချထားခဲ့တဲ့ဖြစ်ရပ်( ၁၄- ၄ -၂၀၁၆ ) နေ့ ကဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ယခုဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေး အလုပ်ဆိုဒ်နေရာမှာ ငါးကန်နှင့်ကပ် ရက်ဖြစ်ပြီး ကရင်နှင့်မြန်မာ အလုပ်သမားဦးရေ ဦးရေ ၁၀၀
ခန့် ရှိကြောင်း ၊ သင်္ကြန်ပွဲတော်ရက် မှာ အများစုမှာ မြန်မာနိုင်ငံတွင်းသို့ ပြန်သွားခဲ့ကြဘလို့  အလုပ်သမား ၃၀ ခန့် သာကျန်နေကြပြီး ညပိုင်း မှာ အရက်ဝိုင်းတွေ လုပ်နေခဲ့ကြပါတယ်။
လူသတ်တရားခံတွေဟာ ကိုစိုးနိုင် အသက် (၂၁) နဲ့  ကိုရခိုင် အသက် ၂၂ ) ဖြစ်တယ်လို့  ရဲတပ်ဖွဲ့ က ထုတ်ဖေါ်ပြောဆိုခဲ့ပြီး တရားခံတွေ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။
သေဆုံးသူထိုင်း အလုပ်သမားခေါင်းဆောင်နဲ့  တရားခံ မြန်မာနိုင်ငံသားနှ စ်ဦးဟာ မိန်းမရှာ -လိင်တူချင်းဆက်ဆံနေသူဂိုဏ်းဝင် တွေဖြစ်ကြပါတယ်။
အခင်းအဖြစ်ခင်ညပိုင်းကအရက်အတူသောက်ကြရင်းမြန်မာ ယောက်ကျားလေးတယောက်ကို သူပိုင်ငါပိုင်လုကြရင်း စကားများကြရာက နေလူသတ်မှုဖြစ် သွား ခဲ့ရတာပါ။
ယခုလူသတ်မှုနဲ့  ပါတ်သက်ပြီးရဲတပ်ဖွဲ့ က အဆိုပါနေရာအနီးက တရား မ၀င် လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၆ ယောက် ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
By thairath.co.th..
Ref: Social Action for Women - SAW
Ref: Social Action for Women - SAW


No comments:
Post a Comment