Funny, Memes, Celebrities, Sexy, Cutie of Myanmar
Wednesday, March 16, 2016
Rugby ကစားစဉ် လိင်တံဆွဲဖြုတ်ခံရာ အရေပြားလန်ထွက်သွားသော ကစားသမား
Rugby အားကစားသည် အားကစားနည်းတွေထဲမှာ အတော်ပင်ကြမ်းတမ်းသော အားကစားနည်းတစ်ခုဖြစ်ပါသည်။ ဒါအပြင် အမေရိကန် football နှင့်မတူသည့် အချက်က ကစားသမားများ အကာအကွယ် မ၀တ်ဆင်ပဲ ကစားခြင်းဖြစ်ပါသည်။
ဒါကြောင့် Rugby ကစားသမားတော်တော်များများသည် အရိုးကျိုးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း အစရှိသည်တို့ နှင့် ကြုံတွေရတတ်ပါသည်။ ထိုအထဲတွင်မှ Haydn Peacock ဆိုတဲ့ ကစားသမားကတော့ တော်တော်လေးဆိုးဆိုးဝါးဝါး ထိခိုက်မိခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ သူ့ ဟာသူ လှန်ကြည့်တဲ့အချိန်မှာ အရေပြားက တစ်ဝက်လောက်ထိကို လန်သွားတာတွေ့ လိုက်ရတော့ ချက်ချင်းပဲ ဆရာဝန်၊ ဆရာဝန်ဆိုပြီးအော်နေမိပါတယ်တဲ့။
သူဟာ ချက်ချင်းပဲ ဆေးရုံတင်ခံလိုက်ရပြီး ၁၁ ချက်တိတိချုပ်လိုက်ရပါတယ်။ 
No comments:
Post a Comment