Funny, Memes, Celebrities, Sexy, Cutie of Myanmar

Monday, March 7, 2016

ကားတွေကိုအစုလိုက်အပြုံလိုက်တိုက်အောင်လုပ်အပြီးမှာ ကိုယ်လုံးတီး အောင်ပွဲခံခဲ့တဲ့ ဘန်ကောက်မြို့ က အမျိုးသမီး

ဘန်ကောက်မြို့ မှာ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်လုံးတီးဖြင့် ကားကို လမ်းပြောင်းပြန်မောင်းလာပြီး တက္ကစီ တစ်စီးကို မျက်နှာချင်းဆိုင်တိုက်လိုက်ပါတယ်။ ယင်းကဲ့သို့ တိုက်မိလိုက်တဲ့အတွက် တက္ကစီနောက်မှာပါတဲ့ ကား ၄ စီးလောက်ပါ ဆင့်ပွားတိုက်မှုများဖြစ်ခဲ့ပါတယ်။

အဲ့လိုတိုက်မိပြီးတဲ့ နောက်မှာ အမျိုးသမီးဟာ ကားပြတင်းပေါက်ကနေ ခေါင်မိုးပေါ်ကိုတတ်ဖို့ ကြိုးစားပါတယ်။ တတ်လို့ မရတဲ့အဆုံး တံခါးဖွင့်ထွက်ကာ တိုက်ထားသော ကားများအား နောက်ခံထား၍ ကိုယ်ဟန်ပြခြင်း၊ အောင်ပွဲခံခြင်းတို့ ကို ကိုယ်လုံးတီးဖြင့်လုပ်ခဲ့ပါတယ်။

ဘေးနားကလူတစ်ယောက်က မျက်နှာသုတ်ပုဝါဖြင့်လာပတ်ပေးသော်လည်း လာပတ်ပေးသောမျက်နှာသုတ်ပုဝါကို ချွတ်ပစ်ကာ ကခုန်ခြင်း များပြုလုပ်ခဲ့ပါသေးတယ်။

ယခုအခါမှာတော့ ထိုအမျိုးသမီးကို နီးစပ်ရာဆေးရုံသို့ ပို့ ထားပြီး သူမ၏ မိသားစုထံသို့ လည်း ဆက်သွယ်ရန်ကြိုးစားနေပါတယ်လို့ ရဲ တပ်ဖွဲ့ ကပြောကြားထားပါတယ်။


No comments:

Post a Comment