ထိုင်းနိုင်ငံမှ ဒိုင်နိုဆောကြီးနှင့် ပက်သက်သည့် နောက်ဆုံးရ သတင်းကတော့
ထို ဒိုင်နိုဆောကြီးအား သယ်ဆောင်သည့်ယာဉ်မောင်းသမားအား လမ်းစည်းကမ်းချိုးဖောက်မှု၊ ဘန်ကောက်မြို့ တွင်ယာဉ်ကျောပိတ်ဆို့ မှု ဖြစ်ပေါ်စေမှုတို့ ဖြင့် အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထိုယာဉ်မောင်းသည် ဒိုင်နိုဆောကြီးအား ယာဉ်သွားယာဉ်လာထူထပ်သည့် လမ်းတစ်လျှောက်တွင်မောင်းယူခဲ့ကြောင်း၊ ဒိုင်နိုဆောကြီးအားတွေ့ တော အခြားယာဉ်မောင်းများ၊ ဆိုင်ကယ်အဌားယာဉ်များအားလုံးက ယင်းတို့ ၏ ယာဉ်များကို ရပ်ပြီး ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့ အပြင် ထိုယာဉ်မောင်းသည် ဒိုင်နိုဆောကြီး ၏ အမြင့်ကို ဂရုမစိုက်ပဲ တံတားအောက်များမှ ဖြတ်မောင်းသွားသဖြင့် ဒိုင်နိုဆောကြီးဆီမှာ အော်သံများ ထွက်ပေါ်လာကြောင်း သိရသည်။ ထိုကဲ့သို့ မောင်းနှင်မှုကိုမူ ရဲတပ်ဖွဲ့ မှ မည်သို့ မှ မှတ်ချက်မပြုခဲ့ပေ။
ပုံတွင် ဒိုင်နိုဆောကြီး တံတားနှင့်ခေါင်းဆောင့်မိသောကြောင့်အော်နေသောပုံဖြစ်ပါသည်။

No comments:
Post a Comment