Funny, Memes, Celebrities, Sexy, Cutie of Myanmar
Tuesday, March 8, 2016
Balenciaga ဖက်ရှင်ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဖို့ ကြိုးစားတဲ့ ထိုင်း
Balenciaga မှအိတ်နှင့်ထိုင်းနိုင်ငံမှ အိတ်ကိုယှဉ်ပြထားပုံ
Balenciaga ဖက်ရှင်က ထိုင်းနိုင်ငံ၏ ဈေးဝယ်ဆာလာအိတ်ကို ပုံတူကူးယူမှု အပေါ် တရားစွဲ ဆိုထားခြင်းကို ထိုင်းနိုင်ငံတာဝန်ရှိသူများက ပယ်ချခဲ့ပါတယ်။ 
ထိုင်းနိုင်ငံမှ အချို့ သော စီးပွားရေးသမားများ၊ မူပိုင်ခွင့် အခွင့်အရေးလှုပ်ရှားသူများက Balenciaga ဖက်ရှင် က ထိုင်းနိုင်ငံမှာ ဈေးဝယ်ရာတွင် အသုံးပြုသည့် ဆာလာအိတ်ဒီဇိုင်းကို မူပိုင်ခွင့်မယူပဲ ချိုးဖောက်သည်ဟု တင်ပြခဲ့ပါသည်။
သို့ ရာတွင် ယမန်  နေ့ ကပြုလုပ်ခဲ့သော ထိုင်းနိုင်ငံဆိုင်ရာ မူပိုင်ခွင့် အစည်းအဝေးက Balenciaga အနေဖြင့် မူပိုင်ခွင့်ကို မချိုးဖောက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပုံစံတူသလိုရှိသော်လည်း အသုံးပြုထားသော ပစ္စည်းကွာခြားကြောင်း၊ ထိုင်းက အိတ်များသည် ပလစ်စတစ်ဖြင့်ပြုလုပ်ပြီး ဘတ် ၅၀ မှ ၁၀၀ ၀န်းကျင်သာ ဈေးရှိ၍ Balenciaga ၏ အိတ်များမှာမူ အကောင်းစာချည်သားများဖြင့် ပြုလုပ်ထားပြီး တစ်အိတ်ကို ဘတ် တစ်သိန်း ၀န်းကျင်တွင်ရှိပါသည်။
ထိုင်းနိုင်ငံဆိုင်ရာမူပိုင်ခွင့် ဌာန ရဲ့ ဒါရိုက်တာ က ယမန်နေ့ အစည်းအဝေးပွဲသို့ ထိုင်းနိုင်ငံထုတ် ပလစ်စတတ်အိတ်ကို လွယ်ကာတတ်ရောက်ခဲ့ပါသည်။ သူမက ပြောထားပါသည်။ ထိုင်းနိုင်ငံမှ လူများ ဥရောပသို့ သွားသောအခါတွင် ထိုင်းနိုင်ငံထုတ် ပလစ်စတစ်အိတ်များယူသွားပါကလည်း စိတ်ပူစရာမလိုကြောင်းပြောဆိုထားပါသည်။
Ref: Coconut
No comments:
Post a Comment