Funny, Memes, Celebrities, Sexy, Cutie of Myanmar
Tuesday, January 19, 2016
ထိုင်းနိုင်ငံ တွင် ကားပါကင် အတွက်စကားများရာမှ လူ သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဘန်ကောက်မြို့ ၏ အရှေ့ ဘက် မြို့ စွန့်  ဘန်ချိန် အရပ်တွင် ယမန်နေက ကားပါကင်အတွက်စကားများရမှာ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်တစ်ဦးအပါအ၀င် လူ သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
ထိုအချိန်တွင် ဆံပင်ညှပ်ဆိုင်ပိုင်ရှင် Mr Mulloh Bin-umat က ဆိုင်မှ ထွက်လာပြီး ရန်ပွဲကို ဖျန်ဖြေနေစဉ် Mr Tosaporn က ကားထဲမှ ၉ မမ ပေစ္စတိုကို ထုတ်ကာ Mrs Sirilak နှင့် သူမ၏ ဘေးတွင်ရှိသော အမည်မသိ ကမ်ဘောဒီယား အလုပ်သမားကို ပစ်သတ်ခဲ့သည်။
ဆံပင်ညှပ်ဆိုင်ပိုင်ရှင် Mr Mulloh က ပစ်ခတ်ခြင်း ခံရမှုက လွတ်မြောက်ရန် ဆိုင်အတွင်း ၀င်ပြေးသော်လည်း Mr Tosaporn က ဆိုင်ထဲ ထိ လိုက်လံပစ်ခတ်ခဲ့သည်။
ထို့ နောက်တွင် Mr Tosaporn က သူ့ ၏ ကားကို မောင်းနှင်ထွက်ပြေးလွတ်မြောက်သွားပါသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဆံပင်ညှပ်ဆိုင်ပိုင်ရှင် Mr Mulloh, Mrs Sirilak နှင့် သူမ၏ ကမ်ဘောဒီယား အလုပ်သမားတို့ နေရာတွင်ပင် ပွဲခြင်းပြီး သေဆုံးခဲ့သည်။
ပစ်မှု ကျူးလွန်သူ Mr Tosaporn မှာ ယခု ထက်တိုင် လွတ်မြောက်နေပြီး ထိုင်းရဲ တပ်ဖွဲ့ ဝင်များက Mr Tosaporn သည် တစ်နေရာရာတွင် ပုန်းအောင်းနေနိုင်သည်ဟု မှတ်ချက်ပြုထားပါသည်။
Ref: Thai PBS
ရွှေဇီးကွက် News and Entertainment 
No comments:
Post a Comment