Funny, Memes, Celebrities, Sexy, Cutie of Myanmar

Wednesday, January 6, 2016

အပျော်ခရီးထွက်စဉ် ပိုက်ဆံ ချွေတာနည်း

၁။ လေယာဉ်လတ်မှတ်ကြိုဝယ်ပါ။ ဈေးချတဲ့ အချိန် စောင့်ဝယ်ပါ။ 


လေကြောင်းလိုင်းတော်တော်များများဟာ promotion ပေးတဲ့အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကို ကြိုတင်လေ့လာပြီး ၀ယ်ယူလျှင် တော်တော် သက်သာပါတယ်။ 
ဥပမာ အနီးဆုံး ထိုင်းကို အလည်သွားမယ်ဆိုပါစို့ ။ Budget air line များ ဖြစ်တဲ့ Nokair တို့ Air Asia တို့မှာ discount ချတဲ့ အချိန်တွေ ရှိပါတယ်။ တစ်ခါတစ်ရံမှာ ၃ လ လောက်ကြိုတင် ၀ယ်ယူနိုင်လျှင် အသွားအပြန် မှ ဒေါ်လာ ၁၀၀ အောက်သာရှိပါတယ်။ 
အချို့  Travel and Tour Agencies များတွင်လည်း လေကြောင်းလမ်း promotion များကို ၀ယ်ယူနိုင်ပါတယ်။ 

၂။ မိသားစုများလျှင် ကားစင်လုံးငှားပြီး သွားပါ။ မိသားစုနည်းလျှင် အခြား မိသားစုနှင့် မျှငှားပါ။ 


တစ်ခါတစ်လေမှာ မိသားစုများလျှင် ကားလက်မှတ်၊ရထားလတ်မှတ်၊ Taxi ခ များပေါင်းလိုက်ပါက ကားစင်းလုံးငှားတာထက် ပိုများတတ်တာ တွေ့ ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ကားရှိလျှင် ကိုယ်ပိုင်ကားဖြင့် ခရီးထွက်နိုင်ပါတယ်။ 
ထို့ အတူ ခရီးသွားမည့် မိသားစုအချင်းချင်းလည်း ကားတူတူစုငှားပြီး ကုန်ကျစရိတ်မျှ လို့ ရပါတယ်။ 


၃။ ခရီးသွားစဉ် ဟိုတယ်စာတွေ မစားပါနှင့်။ လမ်းဘေးမှာရောင်းတဲ့ သန့် လည်း သန့် ရှင်းတဲ့ အစာတွေကို ဦးစားပေးစားပါ။ 

နေရာဒေသ အသစ်ဖြစ်တဲ့အတွက် အထူးအဆန်း အစားအသောက်များ စား လို့ ရပါတယ်။ ဒါပေမယ့် အမြဲတမ်း ဈေးကြီးတာတွေကြီးပဲ လိုက်စားနေမယ်ဆိုလျှင်တော့ ကုန်ကျစရိတ်က တတ်လာမှာပါ။ ဒါကြောင့် သွားမယ့်နေရာမှာ ဒေသထွက်အစာအသောက်များ မည်ကဲ့သို့ ဈေးသက်သာစွာ စားလို့ ရတယ်ဆိုတာကို လေ့လာပါ။ ဖြစ်နိုင်လျှင် ဈေးသက်သာတဲ့ လမ်းဘေး ဆိုင်များတွင်သာ ဦးစားပေးစားပါ။ သင့် ခရီးသွားစရိတ် သိသိသာသာ သက်သာပေလိမ့်မည်။ 

၎။ Taxi ကားများကို သတိထားရှောင်ပါ။ မရှောင်နိုင်ပါကမငှားခင် ဈေးသေချာ လေ့လာပါ။ 


ခရီးသွားတော်တော်များများသည် Taxi  များ၏ သားကောင်များပင်ဖြစ်သည်။ တစ်ခါတစ်ရံ ၂၀၀၀လောက်ပေးရမည့် ခရီးကို တစ်သောင်းလောက် ပေးရတတ်ဖူးပါသည်။ ဒါကြောင့်ခရီးတစ်ခု မသွားမှီ သွားဖူးသောသူများအား သေချာမေးမြန်းခဲ့ပါ။ ဈေးကို လေ့လာပါ။ ဈေးဆစ်ပါ။ 

၅။ အကောင်းစား တည်းခိုစရာနေရာတွေကို ရှောင်ပါ။ 


အခုနောက်ပိုင်း မှာ ခေတ်စားလာတဲ့ Bed and Breakfast ဟိုတယ်များဟာ အထူးအဆင်ပြေပါတယ်။ အဓိကက လုံခြုံစိတ်ချဖို့ ပါပဲ။ 


၆။ ခရီးသွားရာသီ များကို ရှောင်ပါ။ 


ခရီးသွားရာသီမှာခရီးသွားလျှင်တော့ ကုန်ကျစရိတ်က မိုးထိမြင့်မှာပါ။ ဒါကြောင့် သင့်မှာ ရွေးချယ်စရာ အချိန် ရှိတယ်ဆိုလျှင် ခရီးသွားရာသီကို ရှောင်ပါ။ 

၇။ ပေါ့ပေါ့ပါးပါးခရီးသွားပါ။ 


လေးလံလှတဲ့ ခရီးဆောင် အိတ်တွေကြောင့် တန်ပိုကြေးမကုန်ပါစေနဲ့ ။ 


၈။ Discount coupons များကို အသုံးပြုပါ။ လိုက်ရှာပါ။ 


Tour agencies များ၊ လေကြောင်းလိုင်းများက Discount travel coupons များ ပေးလေ့ရှိပါတယ်။ အဲ့ဒါတွေကို လိုက်လံရှာဖွေပြီး အသုံးပြုပါ။ Discount ရပါလိမ့်မယ်။ 


၉။ ဟိုတယ်ငှားရာတွင် နေရာကို သေချာ လေ့လာငှားရမ်းပါ။ 


ဟိုတယ်ငှားရာမှာ ပထမဦးစားပေးသည် လုံခြုံရေး၊ ဒုတိယ ဦးစားပေးသည် ဈေးနှုန်းနှင့် တတိယဦးစားပေးသည် တည်နေရာပင်ဖြစ်သည်။ ဟိုတယ် ပတ်ဝန်းကျင်မှာ စားသောက်ဆိုင်းများ shopping mall များ ရှိတဲ့ နေရာကို ရွေးပါ။ မဟုတ်လျှင် သင်တစ်ခုခု ထွက်စား၊ထွက်ဝယ်လိုတိုင်း Taxi ခ ကုန် ပေလိမ့်မည်။ ဒါမှမဟုတ်လည်း ဟိုတယ်မှာရှိတဲ့ စားသောက်ဆိုင်မှာပင် ဈေးကြီးပေးဝယ်စားရလိမ့်မည်။ 

၁၀။ အခွန်သက်သာသော Duty Free shop များမှာ ဈေးဝယ်ပါ။ 


လေယာဉ်ကွင်းတော်တော်များများမှာ အခွန်လွတ် Duty Free ဆိုင်များရှိပါတယ်။ အဲ့ဒီဆိုင်များမှာ ဈေးဝယ်ခြင်းဖြင့် အခွန်ပေးရခြင်းမှ သက်သာပါစေ။ 

ရွှေဇီးကွက် page ကို like လုပ်ထားလို့ ရပါတယ်။




No comments:

Post a Comment